ပါဝင်ပစ္စည်းများ
=========
အသားလုံးပြုလုပ်ရန်
××××××××××××
ဝက်- 20 သား
ကြက်ဥအကာ- 1 လုံး
အသားမှုန့်- 1tsp
ဆား- 1/4 tsp
သကြား- 1tbsp
ကော်မှုန့်- 1tbsp
ငရုတ်ကောင်း- 1tsp
ပဲပြား- 1/4 တုံး
ပြုလုပ်ပုံအဆင့်ဆင့်
============
အဆီမပါ အရိုးမပါသော အသားကို ရေဆေး သန့်စင်ပြီး တောက်တောက်စင်းထားပါ။
ပဲပြားကို ခြေထားပါ။
ထို့နောက် ကြက်ဥ အရသာများ ပဲပြား အသား အားလုံးရောနယ်၍ ရေခဲသေတ္တာတွင် နှပ်၍ လိုသလို အသုံးပြုပါ။
ဟင်းရည်အတွက် ၀က်ဒူးဆစ်ရိုး 20 သား ကို ရှာလကာရည်ဖြင့်ဆေး၍ ဆား၊ သကြား၊ အသားမှုန့်၊ ကြက်သွန်ဖြူ၊ ချင်း အစရှိသည်တို့နှင့် ၁နာရီနီးပါး တည်ထားပါ။
ဆန်ကြာဇံကို နာရီဝက်ခန့် ရေစိမ်၍ ရေစစ်ထားပါ။
ကြေးအိုးချက်နည်း
×××××××××××
အိုးတစ်လုံးတွင် မိမိလိုသလောက် ဟင်းရည်ထည့်ပြီး ဆူအောင်တည်ပါ။
ရေဆူလျှင် နှပ်ထားသော အသားများကို အနေတော် အလုံးလေးများလုံးပြီး ပြုတ်ပါ။
ကလီစာ ထည့်မယ်ဆို အကုန်ထည့်။ ကလီစာတွေကတော့ ကြိုပြုတ်ထားရပါမယ်။
ငုံးဥ၊ ကြက်ဥ ထည့်မှာတွေ အကုန်ထည့်ပါ။
အသားလုံးများကျက်လျှင် ရေစစ်ထားသော ကြာဇံထည့်၊ ကြာဇံနူးလျှင် ပဲပြား၊ မုန့်ညှင်းစိမ်း လှီးထားတာလေးတွေ ထည့်နိုင်ပါသည်။
ကြေးအိုးပန်းကန်သို့ပြောင်း၍ နှမ်းဆီမွှေးအနည်းငယ် စမ်း၊ ငရုတ်ကောင်းဖြူး ၍ သုံးဆောင်ပါ။
ဆီချက်လုပ်မယ်ဆိုရင်တော့ ပြုတ်ရည်တွေကို စစ်ပြီး ကြက်သွန်ဖြူ ဆီချက်၊ ပဲငံပြာရည်အကြည် စမ်းပြီး အရသာလိုရင်ထည့် ရောနယ်ပြီး ကြက်သွန်ဖြူကြော် ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
စစ်ယူထားတဲ့ ပြုတ်ရည်ကို မုန့်ညှင်းစိမ်း၊ ငရုတ်ကောင်းလေးခတ်ပြီး ကြေးအိုးဆီချက်နဲ့ တွဲစားနိုင်ပါသည်။
အချဉ်ရည်ကတော့ အဆင်ပြေရာလေးနဲ့ တွဲဖက်သုံးဆောင် နိုင်သည်။
ဝက်နေရာမှာ ကြက်အစားထိုးနိုင်သည်။
ဆန်ပြားနဲ့ ဆန်ပြားကြေးအိုး အနေနဲ့လဲ သုံးဆောင်နိုင်ပါတယ်
0 comments:
Post a Comment