Wednesday, 8 July 2015

Posted by jinson on Wednesday, July 08, 2015 No comments


ချက် ပြုပ် နည်း
*********

၁။ အိုးထဲမှာေ၇များများထည့်ပြီးဝက်၇ိုးနဲ့ ၀က်သားတို့ကို ထည့်ပြုတ်ပါ။

၂။အိုးထဲကိုဆား၊ ခနောကြက်သားတုံး၊ သကြား၊ အချိုမှုန့်နည်းနည်း၊ ဂျင်းနည်းနည်းထည့်ပါ။

၃။င၇ုတ်သီးအချဉ်၇ည်လုပ်၇န်အတွက် င၇ုတ်သီးကိုပါးပါးလှီးပြီး ရှာလကာမှုန့်/ဗီနီကာ၇ည် နဲ့ေ၇နွေးနည်းနည်းထည့်ပြီးဖျော်ထားပါ။

၎။ကြက်သွန်ဖြူဆီကြက်နဲ့ င၇ုတ်သီးဆီကျက်ပြုလုပ်ထားပါ။

၅။ ဂော်ဖီထုတ်နဲ့ ကြက်သွန်မြိတ်တို့ကိုပါးပါးလှီးထားပါ။

၆။ဝက်၇ိုးမှအချို၇ည်ထွက်ပြီးဝက်သားနူး၇င်ဝက်သားတုံးများကိုဆည်ပြီးပါးပါးလှီးထားပါ။

ပြင် ဆင် ပုံ
*******
၁။အခြားအိုးတစ်လုံးထဲမှာေ၇နွေးကိုပွက်အောင်တည်ထားပါ။

၂။ခေါက်ဆွဲတစ်ပွဲပြင်မယ်ဆို၇င်အိုးထဲကိုပဲပင်ပေါက်နဲ့ဆန်ခေါက်ဆွဲထည့်ပြီးဇကာပါတဲ့ယောင်းမနဲ့ပြန်ဆည်ပြီးပန်းကန်ထဲပြန်ထည့်ပါ။(ေ၇နွေးဖျောတဲ့သဘောပါ)

၃။ခေါက်ဆွဲပန်းကန်ထဲကို -င၇ုတ်ကောင်းမှုန့် -ပဲငံပြာ၇ည် -ကြက်သွန်ဖြူဆီကျက်
င၇ုတ်သီးဆီကျက် - င၇ုတ်သီးအချဉ်၇ည် - ပါးပါးလှီးထားတဲ့အသား-ဝက်သားလုံး
ကြက်သွန်မြိတ် - ဂေါ်ဖီထုပ် -အသားပြုတ်၇ည် ထည့် ပီး ဝက် ခေါက်ကြော်(အပွ)
နဲ့တွဲဖက်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ ။

ဝက်သားလုံးလုပ်မယ်ဆို၇င်ဝက်သားကိုတောက်တောက်စင်း၇ယုံမက တုတ်နဲ့အချက်ပေါင်းများစွာ အချိန်အကြာကြီး၇ိုက်၇ပါတယ်။
အဲဒါကြောင့်စားချင်၇င်ဝက်သားလုံးသပ်သပ်ကိုဆိုင်ကပဲဝယ်ပြီးထည့်စား၇ုံပါပဲ။

ထိုင်းကလာတဲ့ ready made ၀က်သားလုံးကိုဝယ်ပြီးပြုတ်ပြီးထည့်၇င်လည်းအဆင်ပြေပါတယ်။ ထိုင်းကလာတဲ့ဝက်သားလုံးကနှစ်မျိုး၇ှိပါတယ်။တစ်မျိုးကအခုလိုခေါက်ဆွဲထဲထည့်စားဖို့ပါ။နူးညံ့တဲ့ဂျုံနဲ့ေ၇ာထားလို့ချောမွေ့ပြီးနူးညံ့ပါတယ်။ နောက်တစ်မျိုးက အကင်အဖြစ်လုပ်စား၇တဲ့အမျိုးပါ။အကင်ဆိုင်မှာတုတ်ထိုးပြီးေ၇ာင်းပါတယ်။ သူ့အထဲမှာဂျုံအပြင် အ၇ွတ်တွေ၊ အကြောတွေပါကြိတ်ပြီးထည့်လုံးထားတဲ့အတွက် ကြမ်းပါတယ်။ သိပ်လည်းမချိုပါဘူး။ အဲလိုဝက်သားလုံးထည့်၇င်စားလို့မကောင်းပါဘူး။
ဝက်သားလုံးမ၇ှိလို့မထည့်ဖြစ်၇င်လည်းချိုတဲ့အသားပြုတ်၇ည်၇ှိတဲ့အပြင်အသားကိုလည်းပါးပါးလှီးထည့်ထားလို့ဒီးအတိုင်းပဲစား၇င်လည်းစားလို့ကောင်းပါတယ်။
အချဉ်အတွက်သံပု၇ာသီးပဲညှစ်ထည့်၇င်လည်း၇ပေမယ့်င၇ုတ်သီးအချဉ်၇ည်ပါထည့်၇င်ပိုမွှေးပါတယ်။

တ၇ုတ်နံနံကြိုက်၇င်ပါးပါးလှီးပြီးထည့်စားနိုင်ပါတယ်။

0 comments:

Post a Comment